Countries

Study in UK

Z UK မှာ တက္ကသိုလ် တက်မယ်ဆိုရင်

UK ကမ္ဘာ့ ပညာရေးအဆင့်အတန်းအမြင့်မားဆုံးနိုင်ငံတစ်ခုအဖြစ် ကမ္ဘာ က သတ်မှတ်ထားပါသည် ။ ပထမဆုံး အကောင်းဆုံး ပညာရေးစနစ်များစတင်ရာနေရာလည်းဖြစ်ပါသည်။ အကောင်းဆုံး ကမ္ဘာ့တက္ကသိုလ်များ ရှိရာနေရာလည်းဖြစ်သည်။
ထို့ကြောင့် UKတွင်ပညာသင်ယူခွင့်ရရန် စနစ်ကျသော ၀င်ခွင့် အချက်အလက်များကို ပြင်ဆင်ရပါသည်။
UKသည် အခြား ဉရောပနှင့် အနောက်နိုင်ငံများနည်းတူ အချိန်ပိုင်း အလုပ်နှင့် ကျောင်းတက်ရသည့် အခွင့်အလမ်းရှိသည့် နိုင်ငံဖြစ်သကဲ့သို့ ကျောင်းပြီးဘွဲ့ရပါက အလုပ်လုပ်ခွင့် ၂ နှစ်ရသည့် နိုင်ငံလည်းဖြစ်သည်။

Z ကျောင်း၀င်ခွင့်အချက်အလက်များ

တက္ကသိုလ်တက်ရောက်ရန် အထက်တန်းတွင် ၁၂ တန်းပညာရေးပြီးဆုံးထားသူများအတွက် ၃နစ်သာ ထပ်တက်ရသည် ပညာရေးစနစ်ဖြစ်သည်။
မြန်မာနိုင်ငံမှ ၁၁ တန်းပညာရေးဖြင့် အထက်တန်းအောင်ထားသူများ/ IGCSE ပြီးဆုံးထားသူများသည် Foundation Path Way ( University Transfer Program ) လမ်းကြောင်းမှ တစ်ဆင့် University ပထမနှစ်ကို တက်ခွင့် ရမည်ဖြစ်သည်။
GED ပြီးဆုံးထားသူများသည် Foundation Path Way ရှိသည့် ကျောင်းများမှ တစ်ဆင့် University ပထမနှစ်ကို တက်ခွင့် ရမည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ၁၂ တန်းပညာရေးဖြင့် အထက်တန်းအောင်ထားသူများ/ IGCSE A Level ပြီးဆုံးထားသူများ / OSSD ပြီးဆုံးထားသူများသည် University ပထမနှစ်တန်းသို့ တိုက်ရိုက် ၀င်ခွင့်ရနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် HND Level 5 , ACCA , ABE , NCC ပြီးဆုံးထားသူများသည် မိမိတို့ ရရှိထားသည့် Credit များပေါ်မူတည်၍ University Year 2 သို့မဟုတ် Final Year Top up သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

Z Master တန်းများအတွက် ၀င်ခွင့် အချက်အလက်များ

UK သည် Master တန်းများ တက်ရောက်ရန် အခွင့်အလမ်းအကောင်းဆုံးနိုင်ငံတစ်ခုဖြစ်သည်။ အချိန်ကုန်သက်သာပြီး ကျောင်းလခ သက်သာသည့် နိုင်ငံဖြစ်သည်။Master ဘွဲ့ကို ၁၂ လ သို့မဟုတ် ၁၆ လအတွင်းရယူနိုင်သည်။
ကျောင်း၀င်ခွင့်သတ်မှတ်ချက်တွင် တက္ကသိုလ် ၏ Ranking ပေါ်မူတည်၍ ၀င်ခွင့်သတ်မှတ်ချက် ကွာဟနိုင်ပါသည်။
မြန်မာနိုင်ငံမှ သုံးနှစ်ဘွဲ့များဖြစ်ပါက Pathway Program များမှတစ်ဆင့် Pre-Masters ပရိုဂရမ်များသို့ တက်ရောက်နိုင်သည် ။ အချို့သော တက္ကသိုလ်ကြီးသည် ဘွဲ့လွMaster တန်းလျှောက်ထားရန် အလုပ်အကိုင် အတွေ့အကြုံ လိုအပ်သကဲ့သို့ အချို့တက္ကသိုလ်များတွင် မလိုအပ်ဘဲ လျှောက်ထားနိုင်ပါသည်။
ဗီဇာလျောက်ထားခြင်း သတ်မှတ်ချက်များ
UK ဗီဇာသည် သံရုံးသို့ လူကိုယ်တိုင် Interview ခံပြီး ဗီဇာထုတ်ယူရသည့် စနစ်မဟုတ်သော်လည်း တင်ပြထားသည့် အချက်အလက်များနှင့် စာရွက်စာတမ်းများပေါ်တွင် သံသယရှိပါက လူကိုယ်တိုင်သံရုံးသို့ လာရောက်ရန် ဆင့်ခေါ် တတ်ပါသည်။
UK သည် အခြားနိုင်ငံများနည်းတူ စာရွက်စာတမ်းများနှင့် ဗီဇာ Form ကို Online မှတင်ပြရသည့် စနစ် ဖြစ်သည် ။ စာရွက်စာတမ်းတင်ပြရန် သတ်မှတ်ထားသောရက်ရောက်ရှိပါက UK အသိအမှတ်ပြု Visa Application Centre (မြန်မာနိုင်ငံအတွက် VFS) တွင် ဗီဇာကြေးပေးဆောင်ကာ မိမိလျှောက်လွှာကို တင်ပြလျှောက်ထားရမည်။
ထူးခြားချက်မှာ ကျောင်းလျောက်ထားပြီး CAS Letter ထုတ်ယူချိန်တွင် ကျောင်းတက်ရမည့် ကျောင်းလခနှင့် နေထိုင်စရိတ်ပါ၀င်သည့် Bank Statement တင်ပြရန်လိုအပ်ပါသည်။ ယင်း Statement သည် ၂၈ ရက်အတွင်းဘဏ်တွင်းအထည့်ပြထားသည့် Statement ဖြစ်ရမည်၊ ထို့အတူ သံရုံးသို့ ဗီဇာလျောက်ထားရာတွင်လည်း ယင်းငွေမထုတ်ရသေးသည့် Statement ကိုသာသံရုံးသို့တင်ပြရမည်
Ascenders Education နှင့်ချိတ်ဆက်ထားသည့် တက္ကသိုလ်နှင့်ကောလိပ်များကို ဖော်ပြထားပါသည်

Study in USA
Z အမေရိကန်နိုင်ငံ မှာ ပညာသင်ကြားမယ်ဆိုရင်

အမေရိကန်နိုင်ငံမှာ တက္ကသိုလ်နှင့်ကောလိပ်‌ပေါင်း ၆၀၀၀ ကျော်ရှိပါသည် တက္ကသိုလ်များသည် မြန်မာပြည်ကဲ့သို့ပင် ဘွဲ့ရသည်အထိ ၄နှစ်တက်ရပါသည်။
အမေရိကန်ပြည်‌ထောင်စုသည် ပညာရေးစနစ်ကောင်းသောနိုင်ငံတွင်ပါ၀င်ပြီး Top Ten စာရင်း၀င် Ivy League ၊ Liberal Art တက္ကသိုလ် များနှင့် Top 100 စာရင်း၀င်တက္ကသိုလ်များလည်း အမေရိကန်နိုင်ငံတွင်ရှိသည်။
အမေရိကန် ပညာရေးစနစ်တွင် တက္ကသိုလ်ကြီးများသို့ တိုက်ရိုက်တက်ရသော စနစ်အပြင် မိမိနေထိုင်ရာ အနီးနားပတ်၀န်းကျင်ရှိ ကောလိပ်များတွင် ၂နှစ်တက်ရောက်ပြီးမှ တက္ကသိုလ်ကြီးများ သို့ချိတ် ဆက်တက်ရောက်ရသည့် စနစ်လည်းရှိသည်။ ယင်းသို့သက်ဆိုင်ရာ ‌‌ဒေသတွင်းရှိ ကောလိပ်များ ကို Community College ဟုသုံးနှုန်းသည်။
ကုန်ကျစရိတ်မှာအလွန်သက်သာသည်။ တစ်နှစ်ကျောင်းလခ $ 9,000 မှ $ 14,000 ၀န်းကျင်သာ ကုန်ကျသဖြင့် မြန်မာကျောင်းသားအများစု ရွေးချယ်တက်ရောက်ကြသည်။ Community College များတွင် Grading ကောင်းပါက World Top တက္ကသိုလ်များသို့ ၀င်ခွင့်ရနိုင်သည်။ ရမှတ်များဖြင့်လျှောက်ထားနိုင်သည်။

Z ကျောင်း၀င်ခွင့်သတ်မှတ်ချက်များ

Community College များတွင် ကျောင်း၀င်ခွင့်မှာ
မြန်မာကျောင်း အထက်တန်းအောင်
IGCSE / GED ပြီးဆုံးထားသူများလျောက်ထားနိုင်ပါသည်
ကျောင်းလျောက်ထားခြင်းအတွက် အဂ်လိပ်စာသတ်မှတ်ချက် Duolingo သို့မဟုတ် IELTS ရှိထားရန်လိုအပ်ပါသည်
University ၀င်ခွင့်အတွက် IGCSE သို့မဟုတ် GED ပြီးဆုံးထားသူများလျောက်ထားနိုင်သော်လည်း
မိမိလျောက်ထားသည့် တက္ကသိုလ် ၏ Ranking ပေါ်မူတည်၍ ကျောင်း၀င်ခွင့် ကွာခြားနိုင်သည် ။
University Transfer Program ရှိသောကျောင်းများတွင် International Student များအတွက်သီးသန့်သတ်မှတ်ထားသည့် Year -1 Program မှတစ်ဆင့် နောက်ထပ် ၃ နှစ်ကိုဆက်လက်တက်ရောက်ရသည်။
အချို့သောတက္ကသိုလ်များသည် ၀င်ခွင့်အတွက် SAT/ACT ရမှတ်များပါတင်ပြရနိုင်ပါသည်
English စာလိုအပ်ချက်အတွက် အချို့သော တက္ကသိုလ်များသည် Duolingo လက်မှတ်ကို လက်မခံပါ IELTS အနည်းဆုံး 5.5 ရှိထားရန်လိုအပ်ပါသည်၊၊

Z ဗီဇာလျောက်ထားရန် လိုအပ်ချက်များ

နိုင်ငံခြားတွင် ကျောင်းတက်ရန် သက်ဆိုင်ရာနိုင်ငံသံရုံးသို့ ဗီဇာ အင်တာဗျူးဖြေရသည့်နိုင်ငံမှာ အမေရိကန်ပင် ဖြစ်ပါသည်
သက်တမ်းအနည်းဆုံး (၆)လ သက်တမ်းရှိ Passport ကိုင်ဆောင်ထားရမည်
ပညာအရည်အချင်း အထောက်အထားများ
English စာသတ်မှတ်ချက် ပြည့်မီကြောင်းအထောက်အထား
ကျောင်းလခ ကုန်ကျစရိတ်နှင့်နေထိုင်စရိတ် တစ်နှစ်စာ ၆ လအတွင်း ဘဏ်တွင်ထည့်ထားကြောင်း Bank Statement
Financial support ပေးမယ့် မိဘ/ တရား၀င် အုပ်ထိန်းသူရဲ့ ၀င်ငွေပြ အထောက်အထား တစ်ခုခု (လုပ်ငန်းလိုင်စင်/contract or agreement/ Job recommendation letter, etc.) အဆင်သင့်ပြင်ဆင်ထားရန်။
အသက် ၁၈ မ ပြည့်သူများသည် မွေးစာရင်း Notary နှင့်အတူ မိဘအုပ်ထိန်းသူ တစ်ဉီးကိုယ်တိုင်သံရုံး ထဲသို့ လိုက်၀င်ပေးရမည်
Ascenders Education နှင့်ချိတ်ဆက်ထားသည့် တက္ကသိုလ်နှင့်ကောလိပ်များကို ဖော်ပြထားပါသည်။

Z California State ရှိတက္ကသိုလ်များ

1. Golden Gate University: [ggu.edu](https://www.ggu.edu)
2. Westcliff University: [westcliff.edu](https://www.westcliff.edu)
3. California State University, Sacramento: [csus.edu](https://www.csus.edu)
4. California State University, San Bernardino: [csusb.edu](https://www.csusb.edu)
5. California Lutheran University: [callutheran.edu](https://www.callutheran.edu)
6. California State University, Monterey Bay: [csumb.edu](https://www.csumb.edu)
7. University of California, Riverside: [ucr.edu](https://www.ucr.edu)
8. University of California, Irvine (Division of Continuing Education): [ce.uci.edu](https://ce.uci.edu)
9. University of California, Riverside Extension: [extension.ucr.edu](https://extension.ucr.edu)
10. University of California, Santa Cruz Silicon Valley: (https://www.ucsc-extension.edu)
11. University of California, Berkeley: [berkeley.edu](https://www.berkeley.edu)
12. San Francisco State University: [sfsu.edu](https://www.sfsu.edu)
13. Butte College: [butte.edu](https://www.butte.edu)
14. College of the Desert: [collegeofthedesert.edu](https://www.collegeofthedesert.edu)
15. Berkeley City College: [berkeleycitycollege.edu](https://www.berkeleycitycollege.edu)
Santiago Canyon College: [www.sccollege.edu](https://www.sccollege.edu)
16. College of Alameda: [www.alameda.edu](https://alameda.edu)
17. Laney College: [www.laney.edu](https://laney.edu)
18. Whittier College: [www.whittier.edu](https://www.whittier.edu)
19. Mission College: [www.missioncollege.edu](https://missioncollege.edu)
20. Merritt College: [www.merritt.edu](https://www.merritt.edu)

Z အ ခြားပြည်နယ်များရှိှိကောလိပ်နှင့်တက္ကသိုလ်များ

1. College of the Canyons: [canyons.edu](https://www.canyons.edu)
2. University of Colorado Colorado Springs: [uccs.edu](https://www.uccs.edu)
3. Colorado Mesa University: [coloradomesa.edu](https://www.coloradomesa.edu)
4. Steamboat Mountain School: [steamboatmountainschool.org](https://steamboatmountainschool.org)
5. Troy University: [troy.edu](https://www.troy.edu)
6. University of South Alabama: [southalabama.edu](https://www.southalabama.edu)
7. Northern Arizona University: [nau.edu](https://www.nau.edu)
8. South Dakota School of Mines & Technology: [sdsmt.edu](https://www.sdsmt.edu)
9. University of Delaware: [udel.edu](https://www.udel.edu)
10. Bay Atlantic University: [bayatlantic.edu](https://www.bayatlantic.edu)
11. Marshall University: [marshall.edu](https://www.marshall.edu)
12. Concord University: [concord.edu](https://www.concord.edu)
13. University of Wisconsin-Stout: [uwstout.edu](https://www.uwstout.edu)
14. University of Wisconsin-Stout’s English as a Second Language Institute: [uwstout.edu/esl](https://www.uwstout.edu/esl)
15. Edgewood College: [edgewood.edu](https://www.edgewood.edu)
16. Trine University: [trine.edu](https://www.trine.edu)
17. University of Missouri-Kansas City: [umkc.edu](https://www.umkc.edu)
18. Murray State University: [murraystate.edu](https://www.murraystate.edu)
19. Midway University: [midway.edu](https://www.midway.edu)
20. Clark University: [clarku.edu](https://www.clarku.edu)
21. Bay State College: [baystate.edu](https://www.baystate.edu)
22. Montserrat College of Art: [montserrat.edu](https://www.montserrat.edu)
23. Bethany Lutheran College: [blc.edu](https://www.blc.edu)
24. Lawrence Technological University: [lawrence Tech.edu](https://www.lawrence Tech.edu)
25. St. Cloud State University: [stcloudstate.edu](https://www.stcloudstate.edu)
26. University of Minnesota Duluth: [d.umn.edu](https://www.d.umn.edu)
27. Concordia University – St. Paul: [csp.edu](https://www.csp.edu)
28. University of Central Missouri: [ucmo.edu](https://www.ucmo.edu)
29. Drury University: [drury.edu](https://www.drury.edu)
30. Montana State University: [montana.edu](https://www.montana.edu)
31. University of Nebraska at Kearney: [unk.edu](https://www.unk.edu)
32. Nebraska Wesleyan University: [nebrwesleyan.edu](https://www.nebrwesleyan.edu)
33. College of Southern Nevada: [csn.edu](https://www.csn.edu)
34. Embry-Riddle Aeronautical University: [embryriddle.edu](https://www.embryriddle.edu)
35. Felician University: [felician.edu](https://www.felician.edu)
36. Herzing University: [herzing.edu](https://www.herzing.edu)
37. University of Hawaii Leeward Community College: [leeward.hawaii.edu](https://www.leeward.hawaii.edu)
38. University of Idaho: [uidaho.edu](https://www.uidaho.edu)
39. Portland State University: [pdx.edu](https://www.pdx.edu)
40. Lane Community College: [lanecc.edu](https://www.lanecc.edu)
41. University of Pennsylvania English Language Programs: [english.upenn.edu](https://www.english.upenn.edu)
42. Washington & Jefferson College: [washjeff.edu](https://www.washjeff.edu)
43. Johnson and Wales University: [jwu.edu](https://www.jwu.edu)
44. Coastal Carolina University: [coastal.edu](https://www.coastal.edu)
45. Anderson University: [anderson.edu](https://www.anderson.edu)
46. Claflin University: [claflin.edu](https://www.claflin.edu)
47. Christian Brothers University: [cbu.edu](https://www.cbu.edu)
48. Middle Tennessee State University: [mtsu.edu](https://www.mtsu.edu)
49. St Matthews School of Medicine: [stmatthewsmc.com](https://www.stmatthewsmc.com)
50. St. Andrew’s-Sewanee School: [saslions.com](https://www.saslions.com)
51. Midwestern State University: [mwsu.edu](https://www.mwsu.edu)
52. Dallas Baptist University: [dbu.edu](https://www.dbu.edu)
53. The Art Institute of Dallas: [artinstitutes.edu/dallas](https://www.artinstitutes.edu/dallas)
54. McMurry University: [mcm.edu](https://www.mcm.edu)
55. Weber State University: [weber.edu](https://www.weber.edu)
56. Bennington College: [bennington.edu](https://www.bennington.edu)
57. Radford University: [radford.edu](https://www.radford.edu)
58. American National University: [americannational.edu](https://www.americannational.edu)
59. University of Fairfax: [universityoffairfax.edu](https://www.universityoffairfax.edu)
60. Mentora College: [mentora.edu](https://www.mentora.edu)

ZIllinois State ရှိကောလိပ်နှင့်တက္ကသိုလ်များ

1. Western Illinois University: [wiu.edu](https://www.wiu.edu)
2. Bradley University: [bradley.edu](https://www.bradley.edu)
3. Lewis University: [lewis.edu](https://www.lewis.edu)
4. College of Lake County: [clcillinois.edu](https://www.clcillinois.edu)
5. North Park University: [northpark.edu](https://www.northpark.edu)
6. Adler University: [adler.edu](https://www.adler.edu)
7. Elmhurst University: [elmhurst.edu](https://www.elmhurst.edu)
8. Elgin Community College: [elgin.edu](https://www.elgin.edu)

Z Washington State ရှိကောလိပ်နှင့်တက္ကသိုလ်များ

1. Lake Washington Institute of Technology: [lwtech.edu](https://www.lwtech.edu)
2. Campbellsville University: [campbellsville.edu](https://www.campbellsville.edu)
3. Western Washington University: [wwu.edu](https://www.wwu.edu)
4. Washington State University: [wsu.edu](https://www.wsu.edu)
5. Tacoma Community College: [tacomacc.edu](https://www.tacomacc.edu)
6. Bellevue College: [bellevuecollege.edu](https://www.bellevuecollege.edu)
7. City University of Seattle: [cityu.edu](https://www.cityu.edu)

Z New York State ရှိတက္ကသိုလ်နှင့်ကောလိပ်များ

1. Utica University: [utica.edu](https://www.utica.edu)
2. Rochester Institute of Technology (RIT): [rit.edu](https://www.rit.edu)
3. State University of New York at Oswego (SUNY Oswego): [oswego.edu](https://www.oswego.edu)
3. St. Francis College: [sfc.edu](https://www.sfc.edu)
4. Clarkson University: [clarkson.edu](https://www.clarkson.edu)
5. Manhattan Institute of Management: [mimusa.edu](https://www.mimusa.edu)
6. St. George’s University: [sgu.edu](https://www.sgu.edu)
7. Touro University: [touro.edu](https://www.touro.edu)
8. Yeshiva University: [yu.edu](https://www.yu.edu)
9. State University of New York at Buffalo State College: [buffalostate.edu]

Z Florida State ရှိကောလိပ်နှင့်တက္ကသိုလ်များ

1. University of Central Florida (UCF): [ucf.edu](https://www.ucf.edu)
2. Gannon University: [gannon.edu](https://www.gannon.edu)
3. Nova Southeastern University: [nova.edu](https://www.nova.edu)
4. Valencia College: [valenciacollege.edu](https://valenciacollege.edu)
5. Palm Beach Atlantic University: [pba.edu](https://www.pba.edu)
6. University of West Florida: [uwf.edu](https://www.uwf.edu)
7. Millennia Atlantic University: [maufl.edu](https://www.maufl.edu)
8. Florida International University: [fiu.edu](https://www.fiu.edu)

Z Ohio State ရှိကောလိပ်နှင့်တက္ကသိုလ်များ

1. Wright State University: [wright.edu](https://www.wright.edu)
2. University of Findlay: [findlay.edu](https://www.findlay.edu)
3. Ohio Wesleyan University: [owu.edu](https://www.owu.edu)
4. Shawnee State University: [shawnee.edu](https://www.shawnee.edu)

Z Connecticut State ရှိကောလိပ်နှင့်တက္ကသိုလ်များ

1. Sacred Heart University: [sacredheart.edu](https://www.sacredheart.edu)
2. University of Bridgeport: [bridgeport.edu](https://www.bridgeport.edu)
3. Southern Connecticut State University: [southernct.edu](https://www.southernct.edu)
4. Academy of the Holy Family: [holyfamilyacademy.org](https://www.holyfamilyacademy.org)

Study in Australia
Z ဩစတြေးလျနိုင်ငံတွင် ပညာသင်ကြားရန်အတွက်

continent ကို နိုင်ငံအဖြစ်တည်ထားသည် ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး လူဉီးရေ ၂၆သန်းကျော်သာ နေထိုင်ကြသည့် ၆ခုမြောက် ကမ္ဘာ့အကြီးဆုံးနိုင်ငံလည်းဖြစ်သည်။ ကမ္ဘာ့လုံခြုံစိတ်ချမှုရှိသောနိုင်ငံများထဲတွင်တစ်ခုအပါအ၀င်ဖြစ်သည်။ နိုင်ငံတကာကျောင်းသားများ တတိယမြောက်အများဆုံး သွားရောက်ပညာသင်ယူရာနိုင်ငံအဖြစ် အသိအမှတ်ပြု ခံရထား ရပါသည်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀ဝ) စာရင်းဝင်တက္ကသိုလ်များ ရှိရာနိုင်ငံ လည်းဖြစ်သည်။
အင်္ဂလိပ်စကားပြောနိုင်ငံဖြစ်ခြင်းကြောင့် နိုင်ငံတကာ ကျောင်းသားကျောင်းသူများအတွက် ကျောင်းတက်နေစဉ်နှင့် ကျောင်းပြီးသွားချိန်တွင် အလုပ်အကိုင်အခွင့်အလမ်း အလွယ်ကူဆုံး ရနိုင်ငံဖြစ်သည်။ ကျောင်းတက်နေစဉ် အချိန်ပိုင်းအလုပ်လုပ်ခွင့်ရသည့်နိုင်ငံလည်းဖြစ်သည်။
ဩစတြေးလျတွင် အနည်း ဆုံး (၂) နှစ် ပညာသင်ကြားထားပြီးပါက ဩစတြေးလျတွင် ဆက်လက်နေထိုင်ခွင့် အနည်းဆုံး (၂) နှစ်ကို လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။သို့သော် တက်ရောက်ခဲ့သော်ကျောင်းသည် ၂နှစ်နေထိုင်ခွင့်ရရန် အစိုးရက အသိအမှတ်ပြုခံထား ရသည့်ကျောင်းဖြစ်ရမည်။
ဩစတြေးလျ နိုင်ငံတွင် Australian Vocational Education and Training (VET) qualification ဆိုသော အသက်မွေးဝမ်းကျောင်းပညာရေးကို Technical and Further Education (TAFE) ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများတွင် သင်ယူနိုင်ပါသည်။
အဆင့်မြင့်ပညာသင်ကြားရေးတက်ရောက်လိုပါက တက္ကသိုလ် (၄၃) ခုအပါအဝင် အဆင့်မြင့်ပညာရေးကို သင်ကြားပေးနိုင်သော ကျောင်းများ တွင် သင်ယူနိုင်ပါသည်။
ဩစတြေးလျအစိုးရသည်Tertiary Education Quality and Standards Agency (TEQSA) ကိုဖွဲ့စည်းထားပြီး အဆင့်မြင့် ပညာသင်ကြားပေးနေသော တက္ကသိုလ်နှင့် အဖွဲ့အစည်းများ၏ အရည်အသွေးကို စစ်ဆေးပေးသည်။

Z ကျောင်းလခနှင့်နေထိုင်စားသောက်စရိတ်

သြစတြေးလျနိုင်ငံတွင် (၁) နှစ်စာ ကုန်ကျစရိတ် AUD 35,000 စတင်ကုန်ကျနိုင်သည် သတ်မှတ်ထားသော ကျောင်းများ၏ စာသင်နှစ်အလိုက် စုစုပေါင်းကုန်ကျစရိတ်ကို ခန့်မှန်းနိုင်ပါသည်။ သြစတြေးလျကျောင်းများသည် Scholarship ပေးလေ့ပေးထရှိပြီး အမျိုးမျိုးသော ထူးချွန်ကျွမ်းကျင်မှုများပေါ်မူတည်၍ ရာခိုင်းနှုန်း အနည်းငယ်မှစကာ Full Scholarship အထိ ပေးတတ်ကြသည် ။

Z ကျောင်း၀င်ခွင့်သတ်မှတ်ချက်များ

သြစတြေးလျ ကျောင်းများသည် ဘွဲ့ရသည်အထိ ၄နှစ်ပညာရေးစနစ်ဖြစ်သည်
မြန်မာနိုင်ငံမှ ၁၀တန်းအောင် / IGCSE /GED ဖြင့် အထက်တန်းအောင်မြင်ထားသူများသည် University Foundation Pathway များမှတဆင့် တက္ကသိုလ်များသို့ ဆက်လက်ရမည်ဖြစ်သည်။

Z ဗီဇာသတ်မှတ်ချက်များ

သြစတေးလျဗီဇာလျောက်ထားခြင်းရန်

• မိမိကို အ‌ထောက်အပံ့ပေးမည့် သူ မိဘ ၏ အနည်းဆုံး (၆)လ ကြိုတင်ဖွင့်ထားသော Personal Bank Account မှ တစ်နှစ် ကျောင်းလခနှင့် နေထိုင်စားသောက်စရိတ်ကာမိသော ပမာဏရှိသည့် Bank Statementကိုတင်ပြရမည်
ယင်း Statement ဗီဇာတင်သည့်အချိန်တွင် (၃) လခန့် မထုတ်ပဲအကောင့်ထဲတွင်ရှိထားပါက ပို၍သင့်တော်ပါသည်
• ဝင်ငွေ ရခဲ့သည့် အထောက်အထားများကိုတင်ပြပေးရမည်
• လုပ်ငန်း၏ (၂) နှစ်စာ အသားတင်အမြတ်ငွေစာရင်း။
• ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ နှင့်
• ဆေးစစ်ချက်များ တင်ပြရပါသည်။
Ascenders Education နှင့် ချိတ်ဆက်ထားသည့် အောက်ပါတက္ကသိုလ်များသို့ ၀န်ဆောင်ခမလိုပဲ အခမဲ့ကျောင်းလျောက်ထားနိုင်ပါသည်။

• Canberra Institute of Technology (CIT): cit.edu.au
• Chisholm Institute: chisholm.edu.au
• TAFE Gordon: gordon.edu.au
• TAFE International WA – TIWA: tiwa.edu.au
• TAFE NSW: tafensw.edu.au
• TAFE Queensland: tafeqld.edu.au
• TAFE SA: tafesa.edu.au
• ATMC – Federation University: atmc.edu.au
• Australian National University – ANU: anu.edu.au
• Bond University: bond.edu.au
• Charles Darwin University (CDU): cdu.edu.au
• Charles Sturt University (CSU): csu.edu.au
• CQUniversity Australia: cqu.edu.au
• Curtin University: curtin.edu.au
• Deakin University: deakin.edu.au
• Edith Cowan University: ecu.edu.au
• Federation University Australia: federation.edu.au
• Flinders University: flinders.edu.au
• Griffith University: griffith.edu.au
• James Cook University (JCU): jcu.edu.au
• James Cook University Brisbane (JCUB): jcub.edu.au
• La Trobe Melbourne (Navitas): latrobemelbourne.edu.au
• La Trobe University: latrobe.edu.au
• Macquarie University: mq.edu.au
• Murdoch University: murdoch.edu.au
• Royal Melbourne Institute of Technology (RMIT University): rmit.edu.au
• Southern Cross University: scu.edu.au
• Swinburne University of Technology: swinburne.edu.au
• Swinburne University of Technology – Sydney: swinburne.edu.au/sydney
• Swinburne University Of Technology Academy: swinburne.edu.au/academy
• The University of Adelaide: adelaide.edu.au
• The University of Newcastle Australia: newcastle.edu.au
• The University of Notre Dame Australia: nd.edu.au
• The University of Western Australia – INTO: uwa.edu.au
• The University of Western Australia (UWA): uwa.edu.au
• Torrens University Australia: torrens.edu.au
• University of Canberra: canberra.edu.au
• University of Melbourne: unimelb.edu.au
• University of New England: une.edu.au
• University of New South Wales: unsw.edu.au
• University of Queensland: uq.edu.au
• University of South Australia: unisa.edu.au
• University of Southern Queensland: usq.edu.au
• University of Tasmania (UTAS): utas.edu.au
• University of Technology Sydney: uts.edu.au
• University of the Sunshine Coast (USC): usc.edu.au
• University of Wollongong: uow.edu.au
• Victoria University: vu.edu.au
• Western Sydney University: westernsydney.edu.au
• Western Sydney University – Sydney City Campus: westernsydney.edu.au (The City Campus is part of the main university site.)

Study in Singapore
Z စင်ကာပူနိုင်ငံမှာ ပညာသင်ယူမယ်ဆိုရင်

1. အိမ်နီးချင်းနိုင်ငံဖြစ်ခြင်း ၊
2. အထူးသဖြင့် လုံခြုံစိတ်ချမှုရှိခြင်း၊
3. တက္ကသိုလ်များတွင် English ဘာသာစကားဖြင့် သင်ကြားပို့ချခြင်း၊
4. မိဘများ အချိန်မရွေး ဆိုက်ရောက်ဗီဇာဖြင့် လိုက်ပါနိုင်ခြင်း၊
5. အခြားသောနိုင်ငံကြီးများက ပေးအပ်ချီးမြှင့်သည့်ဘွဲ့များကို ကုန်ကျစရိတ် သက်သာစွာဖြင့် စင်္ကာပူနိုင်ငံတွင် တက်ရောက်ရယူနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။
သို့သော် နေထိုင်စားသောက်စရိတ်သည် အခြားနိုင်ငံကြီးများမကွာြခားခြင်းနှင့် Private University များတက်ပါက အချိန်ပိုင်းအလုပ် တရား၀င်လုပ်ခွင့်မရခြင်း ကိုသတိပြုမိဖို့လိုအပ်ပါသည်။
အစိုးရတက္ကသိုလ် တက်ရောက်ခွင့်ရပါက ပညာသင်ထောက်ပံ့ကြေး ရရှိနိုင်ခြင်း၊ တရားဝင် အချိန်ပိုင်းအလုပ်လုပ်နိုင်ခြင်း၊ ကျောင်းပြီးသောအခါ အလုပ်အကိုင်လျှောက်ထားဖို့ လွယ်ကူခြင်း စသော အခွင့်အလမ်းများရရှိနိုင်သည်။ သို့သော်အစိုးရကျောင်းများ၀င်ခွင့် သည် အတော်လေးခက်ခဲ့ တင်းကျပ်သည့် အနေအထားဖြစ်သည်။
စင်ကာပူနိုင်ငံသည် မြေဧရိယာသေးသည့် ကျွန်းနိုင်ငံဖြစ်ခြင်းကြောင့်တက္ကသိုလ်များများမရှိပေ။
အစိုးရပိုင် တက္ကိသိုလ်နှင့် ပုဂ္ဂလိက တက္ကသိုလ်များ ဟူ၍ ၂မျိုးရှိသည်။
စင်ကာပူတွင် Public University အများစုသည် မြေဧရိယာ ကျယ်၀န်း‌သော မြေပေါ်တွင်တည်ဆောင်ထားကြပြီး ပုဂ္ဂလိက တက္ကသိုလ်များတွင် တက္ကသိုလ်ကျောင်း၀န်းရှိသည့် တက္ကသိုလ်နည်းပါးသည်။
Ascenders Education သည် စင်ကာပူ အစိုးရကျောင်းများလျောက်ထားခြင်းကို ၀န်ဆောင်မှု မပြုလုပ်ပေးနိုင်သေးပါသဖြင့် ပုဂ္ဂလိက ပညာရေးလမ်း ကြောင်း ကိုသာတင်ပြပေးထားပါသည်။

Z ကျောင်း၀င်ခွင့်သတ်မှတ်ချက်များ

ပုဂ္ဂလိက ကျောင်းများသည် နိုင်ငံတကာမှ နာမည်ကြီးတက္ကသိုလ်များနှင့် ချိတ်ဆက်ကာဘွဲ့ ဂရီတန်းများကို သင်ကြားပို့ချပေးသည်။
Private University များ၏ အားသာချက်သည် အချိန်တိုအတွင်း ဘွဲ့ရယူနိုင်သည့် စနစ်ပင်ဖြစ်သည်။
အခြားသောနိုင်ငံကြီးများတွင် ၄နှစ်တက် ဘွဲ့ရသည့် စနစ်တွင် စင်ကာပူကျောင်းများက ပိတ်ရက်အနည်းငယ်သာ ပေးထားသည့်First Track စနစ် ဖြင့် ဘွဲ့တန်း ၄နှစ်စာကို 2နှစ်ခွဲ 3နှစ်ခွဲများဖြင့်သင်ကြားပေးသည်။ မိမိသင်ယူမည့် ဘာသာရပ်ပေါ်မူတည်၍ အချိန်ကွာခြားနိုင်သည်။
အ‌ခြေခံအားဖြင့် မြန်မာအစိုးရကျောင်း Grade -10 အထိ တက်ရောက်ထားခဲ့ပါက ကျောင်း၀င်ခွင့်ကိုစတင်လက်ခံသည်။ Foundation တန်းမှ စတင်တက်ရောက်နိုင်သည်။
စနစ်ဟောင်း မြန်မာဆယ်တန်းအောင်/ စနစ်သစ် မြန်မာ အထက်တန်းအောင် / IGCSE /GED / IGCSE များသည် လျောက်ထားသည့် တက္ကသိုလ်အလိုက် ၀င်ခွင့်ကွာခြားချက်ရှိသည်။
အထူးခြားဆုံးအားသာချက်မှာ
မြန်မာတက္ကသိုလ်များတွင် ပထမနှစ် ဒုတိယနှစ် အထိ ပြီးစီးအောင်မြင်ထားသူများ / HND တန်းအောင်မြင်ထားသူများသည် လျောက်ထားသည့် ဘာသာရပ်ပေါ်မူတည် ၍ ဘာသာရပ် Exemption ရယူနိုင်ခြင်း အတန်းကျော်တက်ခွင့်များရနိုင်သည် ။ ။ မြန်မာပြည်တွင် သတ်မှတ်နှစ်အပြည့် ပညာသင်ယူပြီး ဘွဲ့ရထားပြီးပါက ၄င်းဘွဲ့နှင့်ဆက်စပ်နေသည့် Master Program တန်းများကို လျောက်ထားတက်ရောက်နိုင်သည်။

Z ဗီဇာသတ်မှတ်ချက်များ

ကျောင်းသားဗီဇာ အတွက် မိမိလျောက်ထားသည့် ကျောင်းများကပင် ဗီဇာ ကိစ္စရပ်များကို ဆောင်ရွက်ပေးသည်။
ဗီဇာ အတွက် တစ်နှစ်ကျောင်းလခနှင့် နေထိုင်စရိတ်နှင့်လျော်ညီသည့် ငွေကို စပွန်ဆာပေးမည့် သူက Bank Statement ပြရသည်။
ဆေးစစ်ချက်တင်ပြရသည်။ကျောင်းသားဗီဇာသည် လွယ်ကူသည်မဟုတ်သော်လည်း ကျောင်းသားဗီဇာ ရရှိမှုများသည့်နိုင်ငံဖြစ်ပါသည်။
Ascenders Education သည် ထိုင်းတက္ကသိုလ်များနှင့် မချိတ်ဆက်ထားသော်လည်း ကျောင်းသူ/သားများ အခက်အခဲနည်းပါးစေရန်
စင်ကာပူ ပုဂ္ဂလိက ပညာရေးလမ်းကြောင်းများအကြောင်း အကြံပေးဆွေး‌နွေးပေးခြင်း ၊
တက်ရောက်လိုသည့် ဘာသာရပ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုလမ်းညွှန်ပေးခြင်း
ကျောင်းလျောက်ထားပေးခြင်း များကို “အခမဲ့” ဆောင်ရွက်ပေးပါသည်။

စင်ကာပူနိုင်ငံတွင်မြန်မာကျောင်းသားများအတက်များသည့် နာမည်ကြီး ပုဂ္ဂလိက ကျောင်းများကိုဖော်ပြပေးထားပါသည်။

• MDIS (Management Development Institute of Singapore): mdis.edu.sg
• PSB Academy: psb-academy.edu.sg
• Curtin Singapore: curtin.edu.sg
• Raffles Academy: raffles.edu.sg
• Kaplan Higher Education Academy: kaplan.com.sg
• James Cook University Singapore: jcu.edu.sg
• TMC Academy: tmc.edu.sg

Study in Thailand

Z ထိုင်းနိုင်ငံမှာ ပညာသင်ယူမယ်ဆိုရင်

အိမ်နီးချင်းနိုင်ငံဖြစ်ခြင်း ၊တက္ကသိုလ်များတွင် English ဘာသာစကားဖြင့် သင်ကြားပို့ချခြင်း၊ကျောင်းလခ ကုန်ကျစရိတ်သက်သာခြင်းများကြောင့် ထိုင်းနိုင်ငံသို့ ကျောင်းတက်ရောက်သူများပြားပါသည်။
နိုင်ငံကြီးများတွင် တက္ကသိုလ်တက်သည့် တစ်နှစ် စရိတ်သည်ထိုင်းနိုင်ငံတွင် ၄ နှစ်တက်ရသည့် ကုန်ကျစရိတ်နှင့် သိပ်မကွာခြင်းသည် မြန်မာကျောင်းသားများပညာသင်ယူရန် အားသာချက်ဖြစ်လာသည် ။
ထိုင်းနိုင်ငံတွင် အခြားသောနိုင်ငံများနည်းတူ Public University နှင့် Private University ဟူ၍ ၂မျိုးရှိသည် Public University အများစုသည် မြေဧရိယာ ကျယ်၀န်း‌သော မြေပေါ်တွင်တည်ဆောင်ထားကြပြီး Rankingမြင့်သည်၊ Faculty ပိုများသည်၊၊
အချို့သော Private University နှင့် Public University များတွင် Exchange Program များဖြင့် နိုင်ငံကြီးများရှိ ကျောင်းများသို့ ပြောင်းရွှေ့ တက်ရောက်ကြပြီးအချို့ကလည်း Transfer Program (2+2 Program) များဖြင့်နိုင်ငံကြီးများသို့ ကူးပြောင်းတက်ရောက်ကြသည်။

Z ကျောင်း၀င်ခွင့်သတ်မှတ်ချက်များ

Private University များသည် စနစ်ဟောင်း မြန်မာဆယ်တန်းအောင်/ IGCSE /GED များကို တက္ကသိုလ် ပထမနှစ်သို့တက်ရောက်တက်ရောက်နိုင်သည်။ Public University ကမူ ဝင်ခွင့်အတွက် IGCSE ကိုလက်မခံပါ။ အစိုးရတက္က‌သိုလ်လျောက်ထားရန် IGCSEအောင်မြင်ထားသူများသည် SAT အမှတ်ကိုပါထည့်သွင်းတင်ပြရပါသည်။
မြန်မာတက္ကသိုလ်များတွင် ပထမနှစ် ဒုတိယနှစ် အထိ ပြီးစီးအောင်မြင်ထားသော်လည်းထိုင်းတက္ကသိုလ်များတွင် ဘာသာရပ် Exemption ပင်မရနိုင်ပါ ။ သက်ဆိုင်ရာတက္ကသိုလ်၏ ပထမနှစ်တန်းသို့သာတိုက်ရိုက်တက်ရောက်ရသည် သတ်မှတ်ထားသည့် Credit အပြည့်သင်ကြားရမည်ဖြစ်ပါသည်။ မြန်မာပြည်တွင် သတ်မှတ်နှစ်အပြည့် ပညာသင်ယူပြီး ဘွဲ့ရထားပြီးပါက ၄င်းဘွဲ့နှင့်ဆက်စပ်နေသည့် Master Program ကိုထိုင်းတက္ကသိုလ်များတွင် လျောက်ထားတက်ရောက်နိုင်သည်။

Z ဗီဇာသတ်မှတ်ချက်များ

ဗီဇာလွယ်ကူသည့်နိုင်ငံဖြစ်သည် ဗီဇာမလိုပဲ ၁၄ရက်လည်ပတ်နိုင်သည် ဗီဇာကြေးပေးရန်လိုပါ ကနဉီး ကျောင်းလျောက်ထားချိန်တွင် ရက် ၉၀ ဗီဇာထုတ်ပေးထားသည် ။
ယင်းအတွက် ကျောင်းသားBank Statement တွင် ထိုင်ငွေကြေး ၂၀၀၀၀ ၀န်းကျင်နှင့် ညီမျှသည့်ကျပ်ငွေကိုတင်ပြရမည် ။ ကိုယ်တိုင်ထိုင်းသံရုံးတွင် ဗီဇာ မ၀င်လိုပါက ထိုင်းသံရုံးမှ သတ်မှတ်ပေးထားသည့် တရား၀င် ခရီးသွားကုမဏီများထံတွင် ၀န်ဆောင်ခ ပေးဆောင်ပြီး ဗီဇာလျောက်ထားနိုင်သည်။
၃လကျောင်းတက်နေစဉ်အတွင်း ကျောင်း၏ ထောက်ခံစာဖြင့် စာသင်နှစ်တစ်နှစ်စာ ဗီဇာထပ်မံထုတ်ပေးသည်။
Ascenders Education သည် ထိုင်းတက္ကသိုလ်များနှင့် မချိတ်ဆက်ထားသော်လည်း ကျောင်းသူ/သားများ အခက်အခဲနည်းပါးစေရန် ထိုင်းတက္ကသိုလ်များအကြောင်း အကြံပေးဆွေး‌နွေးပေးခြင်း ၊ တက်ရောက်လိုသည့် ဘာသာရပ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုလမ်းညွှန်ပေးခြင်း Private နှင့် Public Universities ကို “အခမဲ့” ကျောင်းလျှောက်ပေးခြင်းများဆောင်ရွက်ပေးပါသည်။
ထိုင်းနိုင်ငံတွင်မြန်မာကျောင်းသားများအတက်များသည့် နာမည်ကြီး Public University များနှင့် Private University များကိုဖော်ပြပေးထားပါသည်။

1. Chulalongkorn University: www.chula.ac.th
2. Thammasat University: www.tu.ac.th
3. Mahidol University: www.mahidol.ac.th
4. Chiang Mai University: www.cmu.ac.th
5. King Mongkut’s University of Technology Thonburi (KMUTT): www.kmutt.ac.th
6. Kasetsart University (KU): www.ku.ac.th
7. Mae Fah Luang University: www.mfu.ac.th
8. Bangkok University: www.bu.ac.th
9. University of the Thai Chamber of Commerce: www.utcc.ac.th
10. Rangsit University: www.rsu.ac.th
11. Assumption University: www.au.edu
12. Payap University: www.payap.ac.th
13. Stamford University: www.stamford.edu
14. Raffles Bangkok: www.raffles.edu.th

Study in Malaysia

Z Malaysia နိုင်ငံမှာ ပညာသင်ယူမယ်ဆိုရင်…

1.အိမ်နီးချင်းနိုင်ငံဖြစ်ခြင်း
2.အထူးသဖြင့် နေထိုင်စားသောက်စရိတ်သက်သာခြင်း
3.ပြည်တွင်းပြည်သူအများစုက English စကားပြောကြခြင်း
4.နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းရနိုင်ခြင်း
5.အခြားနိုင်ငံကြီးများက ဘွဲ့ဒီဂရီများကို ကုန်ကျစရိတ်သက်သာစွာဖြင့်တက်ရောက် ရယူနိုင်ခြင်းစသော အားသာချက်တွေရှိပါသည်။

မလေးရှားနိုင်ငံသည် လူဉီးရေ ၃၆သန်းအထိနေထိုင်ကြပြီး အာရှနိုင်ငံများအတွင်း စီးပွားရေး အကောင်းဆုံးနိုင်ငံ နိုင်ငံတွေထဲတွင်ပါ၀င်ပါသည်။ဆီအုန်း ၊ ကားပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ ၊ ရာဘာ၊ ရေနံနှင့် ကျွန်းနှင့် Plywood များ ကုန်သွယ်ရေး၊ ထုတ်လုပ်ရေး နှင့် အိုင်တီနည်းပညာနှင့် အင်ဂျင်နီ ယာပညာရပ်များထွန်းကားရာနေရာလည်းဖြစ်ပါသည်။ နိုင်ငံခြားကုပ္မဏီကြီးများ ရုံးစိုက်ရာ နိုင်ငံလည်းဖြစ်သည်။

Z Quality Education & Global Recognition

မလေးရှားနိုင်ငံတွင် World Ranking ကမ္ဘာ့ အဆင့် ၁၃ မှ ၆၀၀ အတွင်း၀င်သည့် တက္ကသိုလ်များရှိသည်။ Public Universities 20ခုနှင့် Private Universities 54 ခုရှိပါသည်။ နှစ်စဉ်နိုင်ငံတကာကျောင်းသားပေါင်း တစ်သိန်း၀န်းကျင်ပညာသင်ယူလျှက်ရှိသည်ဟု ၄င်းတို့၏ သတင်းများတွင် ဖော်ပြသည်။
မလေးရှား Public Universities များသည် ကျောင်းလခ အားဖြင့် သက်သာနိုင် သော်လည်း ကျောင်း၀င်ခွင့်အားဖြင့် ပြည်တွင်းကျောင်းသားများနှင့်ယှည်ပြိုင်တိုးရသဖြင့် ကျောင်း၀င်ခွင့် ရရန်ခက်ခဲပါသည်။
မလေးရှားPrivat Universities များတွင် USA , UK , Australia နိုင်ငံများရှိ ကမ္ဘာ့အဆင့်မြင့် ထိတ်တန်းတက္ကသိုလ်များက မလေးရှားနိုင်ငံတွင် တိုက်ရိုက်ကျောင်းခွဲများဖွင့်လှစ်ကာ ပညာသင်ကြားနေသည်မှာ အားသာချက်တစ်ခုပင်ဖြစ်ပါသည်။
ထို့အတူပင် မလေးရှားနိုင်ငံတွင် ၂နှစ် သို့မဟုတ် ၃နှစ်သင်ယူပြီး ထိပ်တန်းနိုင်ငံကြီးများက တက္ကသိုလ်ကြီးများသို့ ကူးပြောင်းသင်ယူနိုင်သည့် ပညာရေးအစီအစဉ်များလည်းရှိသဖြင့် ကုန်ကျစရိတ်သက်သာလိုသူများ ရွေးချယ်သင်ယူနိုင်မည့်အစီအစဉ်ပင် ဖြစ်ပါသည်။
မလေးရှားPrivat Universities များသည် ကျောင်းဖွင့်ရာသီများကို တစ်နှစ်လျှင် ၃ကြိမ်အထိ ဖွင့်လှစ်ပေးထားသဖြင့် ကျောင်းလျောက်ထားမှုလွယ်ကူပါသည်။ ကျောင်း၀င်ခွင့်အားဖြင့် မြန်မာအထက်တန်းအောင်၊ IGCSE O Level ၊ GED ၊ OSSD ၊ HND စသည်များဖြင့် ပြီးဆုံးထားသူများ တက္ကသိုလ်များသိုကျောင်းလျောက်ထားနိုင်ပါသည်။
ကုန်ကျစရိတ်အားဖြင့် မြန်မာကျပ်ငွေ သိန်း ၁၅၀ ၀န်းကျင်မှစတင်ကာ ကျပ်သိန်း ၄၀၀ ၀န်းကျင်အထိရှိနိုင်ပါသည်။

Z ဗီဇာသတ်မှတ်ချက်

မြန်မာနိုင်ငံသားများအတွက် ASEAN နိုင်ငံများထဲတွင် ဗီဇာလျောက်ထားပြီးမှ ပြည်၀င်ခွင့်ရမည့်နိုင်ငံများထဲတွင် မလေးရှားနိုင်ငံပါ၀င်သည်ကိုသတိပြုစေလိုပါသည် ။ သို့သော် ကျောင်းသားဗီဇာလျောက်ထားခြင်းအတွက် ရှုပ်ထွေးသော်လုပ်ထုံးလုပ်နည်းများ မလိုအပ်ပါ။ မလေးရှားအစိုးရမှသတ်မှတ်ထားသည့် ရောဂါများကို ဗီဇာကြေးမသွင်းမီ ကြိုတင်ဆေးစစ်ထား ရန်လိုအပ်ပါသည်။

Z ကျောင်းသားဗီဇာ လျောက်ထားပုံအဆင့်ဆင့်EMGS ဆိုသည့် Education Malaysia Global Services ဆိုသည့် အစိုးရပိုင်အဖွဲ့အစည်းက မလေးရှား နိုင်ငံသို့ Study Visa လျောက်ထားသူများကို စီစစ် ပြီး ဗီဇာ၀န်ဆောင်မှုများကို ဆောင်ရွက်ပေး နေပါသည်။
ကျောင်းလျောက်ထားပြီဆိုပါက Visa ကိစ္စရပ်များကိုမိမိလျောက်ထားလိုက်သည့် Private Universities နှင့် EMGS တို့မှပူးပေါင်းကာ Immigration Approval Letter (VAL)၊ EMGS Approval Letter Offer Letter တို့ကို ကျောင်းက ထုတ်ပေးမည်ဖြစ်မည်။
ယင်းအတွက် EMGS Portal  https://visa.educationmalaysia.gov.my/emgs/application/searchForm/ တွင် မိမိဗီဇာလျောက်ထားမှုအဆင့်ဆင့်ကို ကြည့်ရှု့နိုင်သည်။
ယင်းစာရွက်စာတမ်းများရရှိပါ ကျောင်းသား/သူသည် မိမိနေထိုင်ရာနိုင်ငံရှိ မေလးရှားသံရုံးတွင် eVisa ကို Online မှ လျောက်ထားရန် လိုအပ်ပါသည်။ eVisa အတွက်ကြာချိန်သည် ၂ရက်မှ ၂ရက်အတွင်းကြာနိုင်ပါသည်။
Ascenders Education နှင့် ချိတ်ဆက်ထားသည့် မလေးရှားနိုင်ငံရှိ Private Universities များကိုဖော်ပြထားပါသည်။
1 . Inti University & Colleges
2. Sunway University
3. Asia Pacific University

Study in Canada

Z Canada နိုင်ငံမှာ ပညာသင်ယူမယ်ဆိုရင်…

ပညာသင်ယူဖို့ အကောင်းဆုံးနိုင်ငံတစ်ခုဖြစ်သည့်အပြင် အမြဲတမ်းနေထိုင်ခွင့် PR ရနိုင်သောနိုင်ငံ တစ်ခုဖြစ် သောကြောင့် ကနေဒါနိုင်ငံကို ပိုမိုရွေးချယ်လာကြသည်။ ထို့အပြင် ကျောင်းပြီးပြီးချင် အမိနိုင်ငံသို့ မပြန်ရပဲ ၁နှစ်ပညာသင်ယူပြီးပါက ၂နှစ်အလုပ်လုပ်ခွင့်နှင့် ၂နှစ်ပညာသင်ယူပြီးပါက ၃နှစ်အလုပ်လုပ်ခွင့် အစီအစဉ်များ ကြောင့်လည်းကနေဒါနိုင်ငံကို ရွေးချယ်သူများပြားလာခဲ့သည်။ ထိုအတူပင် အချိန်ပိုင်းအလုပ်လုပ်ခွင့်တစ်ပတ်နာရီ ၂၀ ရရှိနိုင်ပြီး ရက်ရှည် ကျောင်းပိတ်ရက်များတွင် တစ်ပတ်နာရီ ၄၀ အထိ အလုပ်လုပ်ခွင့်ရှိပါသည်။ သို့သော် ကနေဒါနိုင်ငံသည် ကျောင်း၀င်ခွင့်ကန့် သတ်ချက်များရှိခြင်းကိုထည့်သွင်းစဉ်းစား ဖို့လိုပါသည်။
ကနေဒါတွင် Colleges ၊ Universities ၊ Polytechnic Institute ဟူ၍ ရွေးချယ်တက်ရောက် နိုင်ပါသည်။

Z ကောလိပ်များ (Colleges)

• လက်တွေ့လုပ်ငန်းခွင်များအတွက်သင်ကြားပေးသည်
• (Certificates)၊ (Diplomas)၊(Advanced Diplomas) စသည်ကိုချီးမြှင့်ပေးသည်
• သင်တန်းကြာချိန်သည် များသောအားဖြင့် ၁ နှစ်မှ ၃ နှစ်အထိ ဖြစ်သည်။
ဥပမာ – Humber College, Fanshawe College, Seneca College တို့ဖြစ်သည်

Z တက္ကသိုလ်များ (Universities)

• သီအိုရီနှင့် သုတေသနအခြေခံ သင်ကြားမှုများကို အဓိကထားသည်။
• ဘွဲ့တန်း (Bachelor’s), မဟာဘွဲ့ (Master’s), နှင့် ဒေါက်တာဘွဲ့ (PhD) များပေးသည်။
• သင်ကြားမှုများသည် သီအိုရီပိုင်းအခြေခံနှင့် ရေရှည်အမျိုးအစား ဖြစ်သည်။
• ဘွဲ့တန်းများအတွက် သင်ကြားချိန် ၃နှစ်သို့မဟုတ် ၄နှစ်ကြာမြင့်နိုင်ပါသည်။
• ဘွဲ့ပြီးသင်တန်း (Post-Graduate Certificate/Diploma) – ၁ နှစ်မှ ၂ နှစ် (ဘွဲ့ရှိပြီးသားသူများအတွက်)
• မဟာဘွဲ့ (Master’s Degree) – ၁ နှစ်မှ ၂ နှစ်
• ဒေါက်တာဘွဲ့ (PhD/Doctoral Programs) – ၃ နှစ်မှ ၅ နှစ်ကျော်

Z ပေါလီတက်နစ်ကျောင်းများ (Polytechnic Institutes)

• သီအိုရီနှင့် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကို ပေါင်းစပ်သင်ကြားသည်။
• ဒီပလိုမာ နှင့် ဘွဲ့တန်းသင်တန်းများကို တစ်ပြိုင်နက်တည်း ပေးသည်၊၊
• ဒီပလိုမာ/အဆင့်မြင့်ဒီပလိုမာ (Diploma/Advanced Diploma) – ၁ နှစ်မှ ၃ နှစ်ကြာ။ နည်းပညာနှင့်လုပ်ငန်းခွင်လက်တွေ့ကျွမ်းကျင်မှုရယူလိုသူများတက်ရောက်သင့်သည်။
ဘွဲ့တန်းကိုဆက်လက်တက်ရောက်မည်ဆိုပါက ဘာသာရပ်အလိုက် (Bachelor’s Degree) – ၁နှစ်မှ ၂ နှစ်အထိ ဆက်လက်တက်ရောက်ရမည်ဖြစ်ပါသည်။

Z တစ်နှစ်ကျောင်းလခ ခန့်မှန်းချက်များ (Tuition Fees Estimates)

သင်တန်းအမျိုးအစား နှစ်စဉ်သင်တန်းကြေး (ကနေဒါဒေါ်လာ CAD)
ဒီပလိုမာ $12,000 – $18,000
ဘွဲ့တန်း $15,000 – $30,000
မဟာဘွဲ့ $18,000 – $35,000+
ဒေါက်တာဘွဲ့ $7,000 – $25,000

Z CO OP Program နှင့် PGWP Programများအကြောင်း

ကနေဒါနိုင်ငံတွင် ပညာသင်ယူရခြင်းအားသာချက်သည် CO OP Program နှင့် PGWP Program ထည့်သွင်းထားခြင်းကြောင့်လည်း ပညာသင်ယူသူများအတွက် အားသာချက်ဖြစ်နေခဲ့သည်။
• CO-OP Program ရဲ့ ဆိုသည်မှာ မိမိတက်ရောက်လေ့လာနေသည့် ဘာသာရပ်အတွက် လုပ်ခလစာဖြင့် လုပ်ငန်းခွင်တွင် အလုပ်ဆင်းပေးရခြင်းဖြစ်သည်။
• CO- OP ကာလအတွင်း Paid Internship (အခကြေးငွေဖြင့် အလုပ်သင်လုပ်ခွင့်) ရရှိနိုင်သည်။
• တက်ရောက်နေသည့် သာရပ်နှင့်သက်ဆိုင်သော အလုပ်များကို လက်တွေ့လုပ်ရမည်ဖြစ်သည်။
• ယင်းအကျိုးကျေးဇူးများကြောင့် ဘွဲ့ရအပြီးမှာ အလုပ်အခွင့်အလမ်းတွေ ပိုမြန်မြန်ရနိုင်ပါသည်။
CO- OP အလုပ်လုပ်ဖို့အတွက် Co-op Work Permit တစ်ခု ကို ရရှိထားဖို့ လိုအပ်ပါသည်။

Z PGWP (Post-Graduation Work Permit)

ကျောင်းပြီးပြီးချင်း ကနေဒါနိုင်ငံတွင် အလုပ်လုပ်ခွင့်ပြုသည့် Permit (ခွင့်ပြုစာ) ဖြစ်ပါသည်။
ကနေဒါတွင်ကျောင်းတက်သူတိုင်း PGWP ရမည်မဟုတ်ပါ ။ မိမိစတင်ကျောင်းမလျောက်ခင်ကပင် PGWP ရမည့် Program ကိုရွေးချယ်ပြီးကျောင်းတက်မှသာ ကျောင်းပြီးလျှင် အလုပ် လုပ်ခွင့်ရ မည်ဆိုသော PGWP ခံစားခွင့်ကိုရမည်ဖြစ်ပါသည်။
PGWP ရရှိရန် Designated Learning Institution (DLI) စာရင်း၀င် ကျောင်းများတွင်သာ ကျောင်းလျောက်ထားတက်ရောက်သူဖြစ်ရမည်
မိမိတက်ရောက်သည့် Program သည် PGWP Eligible Program ဖြစ်ရမည်။
သတ်မှတ်ထားသည့် သင်တန်းအောင်မြင်စွာ ပြီးမြောက်ရမည်။
PGWP သည် ကျောင်းတက်ရောက်သည့် ပညာသင်နှစ်ကာလပေါ်မူတည်လျှက် အလုပ်နှင့် နေထိုင်ခွင့် ရရှိမည်ဖြစ်ပါသည်။

Z ကေနဒါကျောင်းသားဗီဇာ ( Study Permit ) နှင့် PAL (Provincial Attestation Letter)

ကနေဒါဗီဇာ လျောက်ထားဖို့ အရင်ဆုံးကျောင်းလျောက်ထားရမှာဖြစ်ပါသည်။
Designated Learning Institution (DLI) ဖြစ်သည့် ကျောင်းကိုသာ ရွေးရပါမည်။
နိုင်ငံခြားကျောင်းသားတွေကိုလက်ခံဖို့ အစိုးရမှ အတည်ပြုထားသည့်ကျောင်းဖြစ်ရပါမည်။
ကျောင်းလက်ခံစာ LOA (Letter of Acceptance) ရရှိပြီးပါက ပထမအရစ် ပေးသွင်းရမည့် ကျောင်းလခ သို့မဟုတ် First Semester Fee (ကျောင်းမှတောင်းဆိုသည့်အတိုင်း) ကို ကျောင်းသို့ပေးသွင်းရမည် ဖြစ်ပါသည်။
ကျောင်းလခ သတ်မှတ်ထားသည့် ပမာဏကိုပေးချေပြီးနောက် PAL ဆိုသည့် Process ကို စတင်နိုင်ပြီဖြစ်သည်။
PAL ဆိုသည်မှာ ပြည်နယ်အတည်ပြုစာ (Provincial Attestation Letter – PAL) သို့မဟုတ် တိုင်းဒေသကြီးအတည်ပြုစာ (Territorial Attestation Letter – TAL) ဆိုသည်မှာ မိမိတက်မည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးက ထုတ်ပေးသော အတည်ပြုစာဖြစ်သည်။ဤအတည်ပြု စာသည် မိမိကို ထိုပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတွင် သင်ကြားခွင့် ရရှိနိုင်သည့် နေရာ (quota) တစ်ခုအား သတ်မှတ်ပေးထားခြင်းကို အတည်ပြုသည့်စာဖြစ်သည်။မိမိလျောက်ထား သည့်ကျောင်းကမိမိ ကကျောင်းလက်ခံစာ LOA ကို ပြည်နယ်အစိုးရဆီသို့ တင်ပေးမည် ဖြစ်ပြီး ပြည်နယ်အစိုးရက မိမိအတွက် PAL ထုတ်ပေးမည်ဖြစ်သည်။
PAL နှင့် LOA ပူးတွဲလျှက် Visa Application ကျောင်းသားဗီဇာလျောက်ထားရမည်ဖြစ်ပါသည်
ကျောင်းသားဗီဇာလျောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများ:
• Letter of Acceptance (LOA)
• Provincial Attestation Letter (PAL)
• Passport
• Family/Personal Documents
• Proof of Funds (ဘဏ်စာရင်း)
• IELTS/TOEFL result
• Digital Photo
• SOP (Study Plan)
• Visa application fee (CAD $150)
• Biometrics fee (CAD $85)တို့ဖြစ်ပါသည်။
Ascenders Education သည် အောက်ဖော်ပြပါ ကနေဒါ ကောလိပ်၊ Polytechnic Institutes နှင့် တက္ကသိုလ်များသို့ ချိတ်ဆက်ထားပါသည်။
Conestoga College
University of Windsor
Confederation College
University of Regina
University Canada West
University of Ottawa
Centennial College
Toronto School Of Management
Loyalist College Toronto
Sault College
Fanshawe College
Concordia University of Edmonton
Fleming College
Brock University
Trent University
Mount Saint Vincent University
Bow Valley College
Durham College – Direct
Niagara College Toronto
Trinity Western University
Crandall University
New York Institute of Technology
Canadian College of Technology & Business
Nipissing University
Canadore College
University of Fraser Valley
St Lawrence College
Thompson Rivers University
Vancouver Community College
Algonquin College
Northern Lights College
Saskatchewan Polytechnic
Southern Alberta Institute of Technology
Adler University – Canada
Braemar College
Canadian College
Canadian Institute of Management and Technology
Cape Breton University
College of the Rockies
Durham College
Georgian College
Manitoba Institute of Trade and Technology
Mohawk College
Selkirk College
Simon Fraser University
TAV College
Canada College
CDI College
Coast Mountain College
CultureWorks
Herzing College Canada
Kensley College
Kings University College
LaSalle College Montreal
Montreal College of Information Technology
Niagara College Canada
Trebas Institute
Academy of Learning
Alexander College
Algoma University
Aviron Quebec Technical College
Birmingham International Collegiate of Canada
Brescia University College
Canadian Higher Learning Academy
Carleton University
Clearwater Secondary
College Avalon
College National
College Saint Bernard
Cypress College
East Coast Language College
Fraser International College (FIC)
Futures Canadian College
Greystone College Canada
Holy Trinity High School
Huron University College
IBT College
ILAC Education Group
ILSC Canada
Immaculata High School
International Centre for EAP Inc. & Kingsway Academy
International College of Manitoba (ICM)
International Gateway Kelowna Language Academy & College
Justice Institute of British Columbia
Kamloops School of the Arts
Kaplan International English – Canada
Keyano College
Keyin College
Lakeland College
Languages Across Borders – Montréal
Languages Across Borders – Vancouver
LaSalle College Vancouver
Le Cordon Bleu Ottawa Culinary Arts Institute
Lester B Pearson High School
Matrix College
McKenzie College
Mentora College of Business & Technology
Norkam Senior Secondary
Olds College of Agriculture & Technology
Ontario Tech University
Pures College of Technology
Q College
Queen’s School of English
Quest University
SAE Institute Vancouver
Sahali Secondary
South Kamloops Secondary
St Marks High School
St Thomas University
Tamwood International College
The Great Lakes College of Toronto
Toronto Metropolitan University International College
University of Ontario Institute of Technology
University of Victoria – Continuing Studies
Valleyview Secondary
Western University
Westsyde Secondary
Wilfrid Laurier International College
Yorkville University

Kaplan International English – Canada
Keyano College
Keyin College
Lakeland College
Languages Across Borders – Montreal
Languages Across Borders – Vancouver
LaSalle College Vancouver
Le Cordon Bleu – Ottawa
Lester B Pearson Catholic High School
Matrix College
McKenzie College
Mentora College of Business & Technology
Norkam Senior Secondary
Olds College of Agriculture and Technology
Ontario Tech University
Pures College of Technology
Q College
Queen’s School of English
Quest University
SAE Institute Vancouver
Sa-Hali Secondary
South Kamloops Secondary
St Marks High School
St. Thomas University
Tamwood International College
The Great Lakes College of Toronto
Toronto Metropolitan University International College
University of Ontario Institute of Technology
University of Victoria – Continuing Studies
Valleyview Secondary
Western University
Westsyde Secondary
Wilfrid Laurier International College
Yorkville University

Study in Spain

Z Spain နိုင်ငံမှာ ပညာသင်ယူမယ်ဆိုရင်…

1. ကျောင်းသားဗီဇာဖြင့် တစ်ပတ်နာရီ ၃၀ အလုပ်လုပ်ခွင့်ရခြင်း
2. ဥရောပနိုင်ငံဖြစ်ပြီး Schengen Zone အတွင်းပါဝင်ခြင်းကြောင့် EU နိုင်ငံများအတွင်း အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ခြင်း
3. ဥရောပနိုင်ငံများအနက် နေထိုင်စားသောက်စရိတ် သက်သာခြင်း
4. English ဖြင့်သင်ကြားသော Program များ များပြားလာခြင်း
5. ခရီးသွားလုပ်ငန်း (Tourism & Hospitality Industry) ကို အဓိကထားသော နိုင်ငံဖြစ်ပြီး Hotel, Restaurant, Travel, Event Management စသည့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားခြင်း
6. အဆင့်မြင့် ဥရောပဘွဲ့ဒီဂရီများကို ကုန်ကျစရိတ်သက်သာစွာဖြင့် ရယူနိုင်ခြင်း

စပိန်နိုင်ငံသည် လူဉီးရေ ၄၈ သန်းကျော်နေထိုင်ပြီး ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ကမ္ဘာ့အဆင့်မြင့် ခရီးသွားနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် နှစ်စဉ် နိုင်ငံတကာခရီးသွားဧည့်သည် သန်း ၈၀ ကျော် ဝင်ရောက်လည်ပတ်လျှက်ရှိပြီး Tourism & Hospitality Industry သည် နိုင်ငံ့စီးပွားရေး၏ အဓိက အခန်းကဏ္ဍအဖြစ် ပါဝင်နေပါသည်။
ထို့ကြောင့် Hotel Management, Tourism Management, Culinary Arts, Event Management, Business, IT နှင့် Engineering ပညာရပ်များတွင် သင်ယူပြီး အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ခြေ မြင့်မားပါသည်။

Z Quality Education & Global Recognition

Spain နိုင်ငံတွင် World Ranking ကမ္ဘာ့အဆင့် ၁၀၀ မှ ၈၀၀ အတွင်းဝင်သော တက္ကသိုလ်များစွာ ရှိပါသည်။
Public Universities 50 ကျော်နှင့် Private Universities 30 ကျော်ရှိပြီး နှစ်စဉ် နိုင်ငံတကာကျောင်းသားပေါင်း များစွာ ပညာသင်ယူလျှက်ရှိကြပါသည်။
Spain Public Universities များသည် ကျောင်းလခအလွန်သက်သာသော်လည်း စပိန်ဘာသာဖြင့် သင်ကြားသော Program များ များပြားပြီး ဝင်ခွင့်ပြိုင်ဆိုင်မှု မြင့်မားပါသည်။
Spain Private Universities များတွင် English Taught Programs (Bachelor / Master / MBA) များ များစွာရှိပြီးအလုပ်ရလွယ်သည့် Tourism, Hospitality, Hotel & Event Management ဘာသာရပ်များကို လက်တွေ့အခြေပြု သင်ကြားပေးခြင်း သည် အားသာချက်တစ်ခုပင် ဖြစ်ပါသည်။

Z ဗီဇာသတ်မှတ်ချက်
Spain နိုင်ငံသည် Schengen Country ဖြစ်သဖြင့် မြန်မာနိုင်ငံသားများအနေဖြင့် Student Visa လျောက်ထားပြီးမှသာ ဝင်ရောက်ခွင့်ရရှိပါသည်။အရေးကြီးဆုံးအချက်မှာ အနည်းဆုံး ကျောင်းဖွင့်ရက်မတိုင်မီ ရက်ပေါင်း ၆၀ ကြိုတင်ဗီဇာလျောက်ထားရမည်ဆိုသည့်သတ်မှတ်ချက်ကို မမေ့လျော့ရန်အရေးကြီးပါသည်။

• စာရွက်စာတမ်းများအားလုံးကို English မှ Spanish ဘာသာသို့ ပြန်ဆိုထားရပါမည် ဘာသာပြန်သည် စပိန်သံရုံး အသိအမှတ်ပြု Sworn Translation ဖြစ်ဖို့လိုအပ်ပါသည်။
• စပိန် Privateကျောင်းအားလုံးသည်ကျောင်းလခ တစ်နှစ် စာကြို တင်ပေးသွင်းရန် လိုအပ်ပါသည်။
• အချို့သောစာရွက်စာတမ်းများကို မြန်မာနိုင်ငံရှိ MOFA ရုံးတွင် Legalized လုပ်ပြီး ထိုင်းနိုင်ငံရှိ စပိန်သံရုံးတွင်ပါ Legalized လုပ်ပေးရပါမည်။
• ၂၀၂၆ခုနှစ် ဇန်န၀ါရီလအထိ မြန်မာကျောင်းသားများ ဗီဇာရနိုင်မှုသည့် ၉၀ %အထိ အခွင့်အလမ်းရှိနေပါသည်။

Z Spain Student Visa လျောက်ထားရန် လိုအပ်သော အချက်အလက်များ

အသိအမှတ်ပြု Spain Universities သို့ လျောက်ထားပြီး Offer Letter ရရှိပါက ထိုင်းနိုင်ငံရှိ BLS Center မှတဆင့် Student Visa လျောက်ထားရပါမည်။

1. Offer Letter / Acceptance Letter
စပိန်တက္ကသိုလ် သို့မဟုတ် College မှ
အတည်ပြု Offer Letter (Enrollment Confirmation) ရရှိထားရပါမည်။

2. Passport
• သက်တမ်း အနည်းဆုံး ၁ နှစ်အထက် ရှိရပါမည်
• ဗီဇာအလွတ်စာမျက်နှာ ၂ မျက်နှာအနည်းဆုံး ရှိရပါမည်

3.Visa Application Form
• Spain National Student Visa Form ကို ပြည့်စုံစွာ ဖြည့်စွက်ရပါမည်

4.Passport Size Photos

• နောက်ခံဖြူ
• 2 လအတွင်း ရိုက်ထားသော ဓာတ်ပုံ
• စပိန်ဗီဇာ သတ်မှတ်ချက်နှင့် ကိုက်ညီရပါမည်

5. Academic Documents

• အထက်တန်းအောင် လက်မှတ် / ကျောင်းသားဗီဇာဖြင့် သွားမည့်သူအားလုံးအတွက် အနိမ့်ဆုံးအဆင့် အထက်တန်းအောင်ထားရန်လိုအပ်ပါသည်။
• University / Diploma / Bachelor Certificate & Transcript များလိုအပ်ပါက တင်ပြရမည်။

6. Language Proficiency

• English Taught Program – IELTS (ပုံမှန် 5.5 ) ၄င်းနှင့်ညီမျှသည့် English Language အောင်လက်မှတ်တစ်ခုခု
• Spanish Taught Program – DELE / Spanish Certificate (လိုအပ်ပါက)

7. Financial Proof (ငွေကြေးအထောက်အထား)
ကိုယ်ပိုင် သို့မဟုတ် မိဘအမည်ဖြင့် ပြသနိုင်ပါသည်
ပုံမှန်အားဖြင့်
• တစ်လလျှင် ယူရို €600 – €700 ဝန်းကျင် × သင်တန်းကာလ
• Bank Statement (၆ လစာ)
• Bank Recommendation Letter
• Sponsor Letter (လိုအပ်ပါက)

8. Accommodation Proof
ကျောင်းစလျောက်ကတည်းက နေရာထိုင်ခင်းအတွက် အခကြေးငွေပေးထားရပါသည်။
ပုံမှန်အားဖြင့် အခန်းဌားခ တစ်လစာ Depositတင်ထားပြီးသားဖြစ်ရပါမည်။
ယင်းစာရွက်ကိုပါ အထောက်အထားအဖြစ် ဗီဇာ၀င်ချိန်တွင်တင်ပြရပါမည်။
• University Dormitory Confirmation
• အိမ်ငှားစာချုပ် (Rental Contract)

9. Health Insurance
• Spain အတွင်း အသုံးပြုနိုင်သောPrivate Health Insurance (100% Coverage, No Co-pay)
သင်တန်းကာလအပြည့် အကျုံးဝင်ရပါမည်။

10. Medical Certificate
• စပိန်အစိုးရသတ်မှတ် ရောဂါများ မရှိကြောင်း ဆရာဝန်ထောက်ခံစာ
• သံရုံးက ထုတ်ပေးထားသည့် Format ဖြစ်ရပါမည်

11. Police Clearance Certificate
• မြန်မာနိုင်ငံမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ
English / Spain နှစ်ဘာသာပြန်ဖြင့် တင်သွင်းရပါမည်။ Legalized လုပ်ထားပြီးဖြစ်ရမည်။

12. Visa Fee
Spain Student Visa Fee (မပြောင်းလဲနိုင်သော်လည်း ပုံမှန်အားဖြင့် € 90 ဝန်းကျင်)

13. Cover Letter / Study Plan
• Spain ကို ဘာကြောင့် ရွေးချယ်သလဲ
• ဘာသာရပ်ရွေးချယ်ရခြင်းအကြောင်း
• ပညာသင်ပြီးနောက် အနာဂတ်အစီအစဉ်
ကို ရှင်းလင်းစွာ ရေးသားရပါမည်။

လျောက်ထားရမည့်နေရာ
• မြန်မာနိုင်ငံတွင်နေထိုင်သူများအတွက် https://www.exteriores.gob.es/Embajadas/bangkok/en/Paginas/index.aspx  တွင် လျောက်ထားရမည် ။

Biometric လုပ်ငန်းစဉ်များအတွက်
• https://www.blsspainvisa.com/  တွင် Booking တင်ပြီး လုပ်ဆောင်နိုင်ပါသည်။

Ascenders Education နှင့် ချိတ်ဆက်ထားသည့် Spain နိုင်ငံရှိ Universities များ

1. EU Business School – Spain
2. Barlin School of Business and Innovation ( Spain)
3. C3S Business School
4. Ecotur Vocational School
5. Aura Labor Vocational School
6. Ascencia Business School
7. IHMGS International School
8. Language Campus Gran Canaria
9. LCI Barcelona
10. Le Cordon Bleu Madrid

Contact Information



Address

No.726 (B), Ground floor, Sarga 20th street, 4th Ward, South Okkalapa Towniship, Yangon, Myanmar.



Phone

+959 789477068, +959 420240660



Email

info@ascenders-edu.com
tharyaraye@gmail.com