20250915-04
previous arrow
next arrow

Study in Malaysia

Z Malaysia နိုင်ငံမှာ ပညာသင်ယူမယ်ဆိုရင်…

1.အိမ်နီးချင်းနိုင်ငံဖြစ်ခြင်း
2.အထူးသဖြင့် နေထိုင်စားသောက်စရိတ်သက်သာခြင်း
3.ပြည်တွင်းပြည်သူအများစုက English စကားပြောကြခြင်း
4.နိုင်ငံတကာ အလုပ်အကိုင်အခွင့်အလမ်းရနိုင်ခြင်း
5.အခြားနိုင်ငံကြီးများက ဘွဲ့ဒီဂရီများကို ကုန်ကျစရိတ်သက်သာစွာဖြင့်တက်ရောက် ရယူနိုင်ခြင်းစသော အားသာချက်တွေရှိပါသည်။

မလေးရှားနိုင်ငံသည် လူဉီးရေ ၃၆သန်းအထိနေထိုင်ကြပြီး အာရှနိုင်ငံများအတွင်း စီးပွားရေး အကောင်းဆုံးနိုင်ငံ နိုင်ငံတွေထဲတွင်ပါ၀င်ပါသည်။ဆီအုန်း ၊ ကားပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ ၊ ရာဘာ၊ ရေနံနှင့် ကျွန်းနှင့် Plywood များ ကုန်သွယ်ရေး၊ ထုတ်လုပ်ရေး နှင့် အိုင်တီနည်းပညာနှင့် အင်ဂျင်နီ ယာပညာရပ်များထွန်းကားရာနေရာလည်းဖြစ်ပါသည်။ နိုင်ငံခြားကုပ္မဏီကြီးများ ရုံးစိုက်ရာ နိုင်ငံလည်းဖြစ်သည်။

Z Quality Education & Global Recognition

မလေးရှားနိုင်ငံတွင် World Ranking ကမ္ဘာ့ အဆင့် ၁၃ မှ ၆၀၀ အတွင်း၀င်သည့် တက္ကသိုလ်များရှိသည်။ Public Universities 20ခုနှင့် Private Universities 54 ခုရှိပါသည်။ နှစ်စဉ်နိုင်ငံတကာကျောင်းသားပေါင်း တစ်သိန်း၀န်းကျင်ပညာသင်ယူလျှက်ရှိသည်ဟု ၄င်းတို့၏ သတင်းများတွင် ဖော်ပြသည်။
မလေးရှား Public Universities များသည် ကျောင်းလခ အားဖြင့် သက်သာနိုင် သော်လည်း ကျောင်း၀င်ခွင့်အားဖြင့် ပြည်တွင်းကျောင်းသားများနှင့်ယှည်ပြိုင်တိုးရသဖြင့် ကျောင်း၀င်ခွင့် ရရန်ခက်ခဲပါသည်။
မလေးရှားPrivat Universities များတွင် USA , UK , Australia နိုင်ငံများရှိ ကမ္ဘာ့အဆင့်မြင့် ထိတ်တန်းတက္ကသိုလ်များက မလေးရှားနိုင်ငံတွင် တိုက်ရိုက်ကျောင်းခွဲများဖွင့်လှစ်ကာ ပညာသင်ကြားနေသည်မှာ အားသာချက်တစ်ခုပင်ဖြစ်ပါသည်။
ထို့အတူပင် မလေးရှားနိုင်ငံတွင် ၂နှစ် သို့မဟုတ် ၃နှစ်သင်ယူပြီး ထိပ်တန်းနိုင်ငံကြီးများက တက္ကသိုလ်ကြီးများသို့ ကူးပြောင်းသင်ယူနိုင်သည့် ပညာရေးအစီအစဉ်များလည်းရှိသဖြင့် ကုန်ကျစရိတ်သက်သာလိုသူများ ရွေးချယ်သင်ယူနိုင်မည့်အစီအစဉ်ပင် ဖြစ်ပါသည်။
မလေးရှားPrivat Universities များသည် ကျောင်းဖွင့်ရာသီများကို တစ်နှစ်လျှင် ၃ကြိမ်အထိ ဖွင့်လှစ်ပေးထားသဖြင့် ကျောင်းလျောက်ထားမှုလွယ်ကူပါသည်။ ကျောင်း၀င်ခွင့်အားဖြင့် မြန်မာအထက်တန်းအောင်၊ IGCSE O Level ၊ GED ၊ OSSD ၊ HND စသည်များဖြင့် ပြီးဆုံးထားသူများ တက္ကသိုလ်များသိုကျောင်းလျောက်ထားနိုင်ပါသည်။
ကုန်ကျစရိတ်အားဖြင့် မြန်မာကျပ်ငွေ သိန်း ၁၅၀ ၀န်းကျင်မှစတင်ကာ ကျပ်သိန်း ၄၀၀ ၀န်းကျင်အထိရှိနိုင်ပါသည်။

Z ဗီဇာသတ်မှတ်ချက်

မြန်မာနိုင်ငံသားများအတွက် ASEAN နိုင်ငံများထဲတွင် ဗီဇာလျောက်ထားပြီးမှ ပြည်၀င်ခွင့်ရမည့်နိုင်ငံများထဲတွင် မလေးရှားနိုင်ငံပါ၀င်သည်ကိုသတိပြုစေလိုပါသည် ။ သို့သော် ကျောင်းသားဗီဇာလျောက်ထားခြင်းအတွက် ရှုပ်ထွေးသော်လုပ်ထုံးလုပ်နည်းများ မလိုအပ်ပါ။ မလေးရှားအစိုးရမှသတ်မှတ်ထားသည့် ရောဂါများကို ဗီဇာကြေးမသွင်းမီ ကြိုတင်ဆေးစစ်ထား ရန်လိုအပ်ပါသည်။

Z ကျောင်းသားဗီဇာ လျောက်ထားပုံအဆင့်ဆင့်

EMGS ဆိုသည့် Education Malaysia Global Services ဆိုသည့် အစိုးရပိုင်အဖွဲ့အစည်းက မလေးရှား နိုင်ငံသို့ Study Visa လျောက်ထားသူများကို စီစစ် ပြီး ဗီဇာ၀န်ဆောင်မှုများကို ဆောင်ရွက်ပေး နေပါသည်။
ကျောင်းလျောက်ထားပြီဆိုပါက Visa ကိစ္စရပ်များကိုမိမိလျောက်ထားလိုက်သည့် Private Universities နှင့် EMGS တို့မှပူးပေါင်းကာ Immigration Approval Letter (VAL)၊ EMGS Approval Letter Offer Letter တို့ကို ကျောင်းက ထုတ်ပေးမည်ဖြစ်မည်။
ယင်းအတွက် EMGS Portal  https://visa.educationmalaysia.gov.my/emgs/application/searchForm/ တွင် မိမိဗီဇာလျောက်ထားမှုအဆင့်ဆင့်ကို ကြည့်ရှု့နိုင်သည်။
ယင်းစာရွက်စာတမ်းများရရှိပါ ကျောင်းသား/သူသည် မိမိနေထိုင်ရာနိုင်ငံရှိ မေလးရှားသံရုံးတွင် eVisa ကို Online မှ လျောက်ထားရန် လိုအပ်ပါသည်။ eVisa အတွက်ကြာချိန်သည် ၂ရက်မှ ၂ရက်အတွင်းကြာနိုင်ပါသည်။
Ascenders Education နှင့် ချိတ်ဆက်ထားသည့် မလေးရှားနိုင်ငံရှိ Private Universities များကိုဖော်ပြထားပါသည်။
1 . Inti University & Colleges
2. Sunway University
3. Asia Pacific University

Contact Information

Address

No.726 (B), Ground floor, Sarga 20th street, 4th Ward, South Okkalapa Towniship, Yangon, Myanmar.

Phone

+959 789477068, +959 420240660

Email

info@ascenders-edu.com
tharyaraye@gmail.com